ယိုသူမရှက် မြင်သူရှက်
လူသွားလမ်းပေါ်တွင် တစ်စုံတစ်ဦးက အပေါ့အပါးသွားနေသည့်အခါ ထိုသူသည် ထိုသို့ပြုမူစေကာမူ မြင်မိသူက ပြူးပြူးစေ့စေ့ကြည့်မည်ဆိုက ရိုင်းရာကျ၍ ထိုသို့အမြင်မတော် ကြည့်မြင်မိရခြင်းသည်ပင် ရှက်စရာဖြစ်သဖြင့် မြင်သူကပင် ရှောင်သင့်ရှက်သင့်သည်ဟု ဆိုလိုသည်။ တစ်ဦးက မသင့်လျော်သည်ကို ပြုလုပ်နေစေ ကာမူ မိမိကပါ မသင့်မလျော်မပြုလုပ်ဘဲ မည်သူကပျက်စေကာမူ မိမိကမပျက်အောင် သတိထားသင့်သည်ဟု ဆိုလိုသည်။ တစ်နည်းအားဖြင့် တစ်ဖက်ကမလျှော့လျှင် တစ်ဖက်ကလျှော့မှဖြစ်မည်။ နှစ်ဖက်စလုံးမလျှော့လျှင် တစ်ဖက်ကလျှော့မှဖြစ်မည်။ နှစ်ဖက်စလုံးမလျှော့ဘဲနေ၍ မပြီးပြတ်နိုင်ဟု ဆိုလိုသည်။
(အချို့က ရှက်သင့်သူက မရှက်ဘဲ၊ မရှက်ရမည့်သူက ရှက်နေသည်ကို အပြစ် တင်သည့်သဘောဖြင့် ကောက်ယူကြသေးသည်။)
စကားပုံစုစုပေါင်း 457 ခုအားထည့်သွင်းထားပြီးဖြစ်သည်။