မြစ်ကြီးတော့ ရေစီးသာသည်
အပြင်ကျယ်သောမြစ်သည် ရေထုပမာဏကျယ်ပြန့်သဖြင့် ရေစီးညင်သာမြဲဖြစ် ၍ ကျဉ်းမြောင်းသော ချောင်းများ၊ ကျဉ်းသောမြစ်များမှ ရေစီးရေဟုန် ကြမ်းတမ်းလေ့ရှိ သည်ဟု ဆိုလိုသည်။ ပညာပြည့်ဝသောသူသည် မာန်မာနချ၍ စိတ်နှလုံးသိမ်မွေ့လျက် ပညာနည်းပါးသူသည် မာန်မာနခက်ထန်တတ်သည်ကို တင်စား၍ဆိုသည်။
စကားပုံစုစုပေါင်း 457 ခုအားထည့်သွင်းထားပြီးဖြစ်သည်။