မြွေမြွေချင်း ခြေမြင်သည်

မြွေသည် ရွေ့လျားသွားလာနိုင်သည်ဖြစ်ရာ ပကတိအားဖြင့် ခြေမရှိသော်လည်း ကင်းခြေများကဲ့သို့ ခြေရှိနိုင်သည့် အတွေးအထင်ရောက်စေသည်ဖြစ်ရာ မြွေ၏ခြေကို လူကမမြင်ရသော်လည်း မြွေအချင်းချင်း သဘာဝတူညီသူအဖို့ကား မြင်သာသည်ဟု ဆိုလိုသည်။ အခြားလူများ မရိပ်မိသော်လည်း အချင်းချင်း အတွင်းသိ၊ ဘ၀တူ၊ သဘာဝတူညီသူများအဖို့ တစ်ယောက်၏ လျှို့ဝှက်သော သဘောလက္ခဏာ၊ လိမ် လည်မှု၊ အစွမ်းသတ္တိ၊ အခြေခံစသည်တို့ကို အခြားတစ်ယောက်က သိမြင်နိုင်သည်ဟု တင်စား၍ သုံးနှုန်းသည်။

Any suggestions? Please leave it here