မြွေမသေ တုတ်မကျိုး
မြွေတစ်ကောင်၏ အန္တရာယ်ကို ဖယ်ရှားရာ၌ မြွေကိုရိုက်သတ်ခြင်းဖြင့် မြွေလည်းသေ၊ ရိုက်သည့်တုတ်လည်းကျိုးနိုင်သည်ဖြစ်ရာ မြွေကိုအဝေးသို့ထွက်ပြေး အောင် ခြိမ်းခြောက်မောင်းနှင်ခြင်းဖြင့် အန္တရာယ်လည်းကင်း၊ မြွေလည်းမသေ၊ တုတ်လည်းမကျိုး၊ အကျိုးရှိစေနိုင်သည်ဟု ဆိုလိုသည်။ နှစ်ဖက်အကျိုးမယုတ်ဘဲ ပြီး ပြတ်စေသော ဖြေရှင်းနည်းကို ရည်ညွှန်း၍ သုံးနှုန်းသည်။
စကားပုံစုစုပေါင်း 457 ခုအားထည့်သွင်းထားပြီးဖြစ်သည်။
နီးစပ်တဲ့စကားပုံက
ရှဥ့်လဲ (လည်း) လျှောက်သာ ပျားလဲ (လည်း) စွဲသာ ဖြစ်ပါတယ်။
ဘေးအန္တရယ် ပေးနိုင်သော မြွေကို မြင်တွေ့သိရှိနေသည့်တိုင် တွန်းလှန်ကာကွယ်ခြောက်ထုတ်ရန်အသုံးပြုရမည့် တုတ်အနေအထားက ခိုင်မာတောင့်တင်း အားကောင်းမှုမရှိဖြစ်နေပါက အဆောတလျှင် ဆုံးဖြတ်ကာ တိုက်ခိုက်ရိုက်နှက်သတ်ဖြတ်ရန် မကြိုးပမ်းသေးပဲ အခြေအနေအရပ်ရပ်အား စောင့်ကြည့်အကဲခပ်နေခြင်းအားဖြင့် ရိုက်လိုက်ပြီးမှ မိမိတုတ်ကျိုးသွားကာ ကာကွယ်နိုင်စွမ်းကင်းမဲ့သွားရမည့်အဖြစ်ကို ရှောင်လွှဲသည့်အဖြစ်မျိုးကို ရည်ညွှန်းဆိုလိုသည်။
(ပြဿနာတစ်ရပ်အတွက် လက်ငင်းအရှုံးအနိုင် မပြတ်သားသော်လည်း အချိန်ဆွဲထားခြင်းဖြင့် အန္တရယ်မှာလည်း တစ်နည်းနည်းဖြင့် ပြီးပြေသွားနိုင်သည်ကို မှန်းမျှော်ကာ မိမိဖက်မှ အမှားအယွင်း မပြုလုပ်မိစေရန် စောင့်ထိန်း ဆိုင်းငံ့ထားမှုအခြေအနေမျိုးကို ဆိုလိုသည်။)
လက်ငင်းရင်ဆိုင်ဖြေရှင်းလိုက်ပါက အရှုံး သို့မဟုတ် အနိုင် ဖြစ်နိုင်ခြေနှစ်မျိုးအနက် တစ်မျိုးမုချကြုံရမည်ဖြစ်ပြီး မည်သူက အားသာသည်ကို ယတိပြတ်မဆိုနိုင်သည့်အခြေအနေတွင် အရှုံးကို ရှောင်လွှဲဆိုင်းငံ့နိုင်စေသော နည်းလမ်းအဖြစ် မြွေမသေ တုတ်မကျိုး နည်းဗျူဟာကို ကျင့်သုံးလေ့ရှိကြသည်။