မျောက်ပြ၍ ဆန်တောင်းသည်

သူဆင်းရဲသည် မျောက်တစ်ကောင်ကိုမွေးထားကာ ထိုမျောက်ကို ကစေလျက်၊ ပြသပြီးလျှင် မိမိဝမ်းစာအတွက် ဆန်တောင်းသည်တွင် ထိုသူသည် မျောက်ကိုသာပြ သော်လည်း မျောက်ကိုပေးသည်မဟုတ်။ မျောက်အတွက်သာ တောင်းသည်လည်း မဟုတ်ဘဲ မျောက်အစွမ်းဖြင့် မိမိဝမ်းစာကိုသာ တောင်းသည်ဟုဆိုလိုသည်။ တစ်စုံ တစ်ယောက်သည် လူတစ်ဦးဦးအား အခြားလိုချင်မက်မောဖွယ်ရာတစ်စုံတစ်ရာ၊ တစ်စုံ တစ်ယောက်ကို ဗန်းပြ၍ တကယ်ရရှိစေနိုင်ခြင်းမရှိဘဲလျက် ထိုလူထံမှ မိမိအကျိုးကို သာ ရှာတတ်ခြင်းကို တင်စား၍သုံးနှုန်းသည်။

Any suggestions? Please leave it here