မျောက်သစ်ကိုင်းလွတ်သည်
မျောက်များသည် ငယ်စဉ်ကပင် သစ်ပင်တစ်ပင်မှတစ်ပင် တစ်ကိုင်းမှတစ်ကိုင်း သို့ အကူးသင်ကြရသည်။ အရွယ်ရောက်သောမျောက်တစ်ကောင်သည် သစ်ပင်တစ် ပင်မှ တစ်ပင်သို့အကူးတွင် တစ်ဖက်သစ်ကိုင်းကိုလည်းမလှမ်းမိ၊ တစ်ဖက်သစ်ကိုင်းမှ လည်း လက်လွတ်၍အောက်သို့ကျသွားပါမူ ကျန်မျောက်အပေါင်းအဖော်က အစွမ်းမရှိ သော မျောက်အဖြစ်ဖြင့် ၀ိုင်းပယ်၍ ၎င်းတို့အစုအဝေးတွင်လက်မခံဘဲ ရှိတတ်သည်ဟု ဆိုလိုသည်။ တစ်စုံတစ်ယောက်သည် ရည်မှန်းချက်နှစ်ခုကို တစ်ပြိုင်တည်း လှမ်းဆွတ် ရာတွင် နှစ်ဖက်စလုံးကိုမရဘဲ လက်လွတ်ဆုံးရှုံးရသည့်အခါတွင် သုံးနှုန်းသည်။
စကားပုံစုစုပေါင်း 457 ခုအားထည့်သွင်းထားပြီးဖြစ်သည်။