မွဲချင်တဲ့ခွေး ပြာပုံဝပ်သည်

ပြာသည် မွဲသောအရောင်ရှိသည်ဖြစ်ရာ မွဲဖို့အကြောင်း ဆိုက်လာသောခွေး သည် ပြာပုံ၌၀ပ်မိလျက်သားဖြစ်နေသည်ဟု ဆိုလိုသည်။ ဆင်းရဲရန် အကြောင်းပါသော သူသည် ဆင်းရဲမည့်အလုပ်မျိုးကိုမှ လုပ်မိတတ်သည်။ လူတစ်ယောက်၏ အလေ့စရိုက် သည် သူ၏အခြေအနေအားလျော်စွာသာလျှင် ဖြစ်တတ်သည်ဟူ၍ ရည်ရွယ်သုံးသည်။ ဖြစ်လာသော အကျိုးအတွက် အကြောင်းပေါ်တွင် စကားနာထိုး၍သုံးနှုန်းသည်။

1 Comment

  1. Harry says:

    မွဲချင်တဲ့ခွေး ပြာပုံတိုးသည် လို့ မူကွဲရှိပါတယ်။

Any suggestions? Please leave it here