မမြင်ဖူး မူးမြစ်ထင်သည်

မြစ်ပြင်ကျယ်ကြီးကို မမြင်ဖူးသောသူသည် မြစ်လက်တက်တစ်ခုမျှသာဖြစ် သောမူးမြစ်ကို တွေ့မြင်ရသောအခါ တကယ်ကျယ်ဝန်းလှသော မြစ်ကြီးဟု ထင်မှတ် နေသည်ဟု ဆိုလိုသည်။ မတွေ့မမြင်ဖူးသူအတွက် ပို၍ကျယ်သည်ဟု ထင်မှတ်လေ့ရှိ ၍ မြင်ဖူးသမျှမှာ နှိုင်းယှဉ်စရာမရှိမီ အကြီးဆုံးဟု မှတ်ထင်ရာရတတ်ခြင်းကို ထင်ရှား အောင် ခိုင်းနှိုင်းဆိုသည်။

2 Comments

  1. Harry says:

    မှားနေတယ် ထင်ပါတယ်။
    ဒီစကားပုံရဲ့ ဗျုပ္ပာဒ် က အညာ ရွှေဘို ရေဦး ဘက်ကလာတဲ့ စကားပါ။
    မူး ဆိုတာ ရွှေဘိုနဲ့ ရေဦးဘက်မှာ ရှိတဲ့ ရေပေးမြောင်းတွေကို ခေါ်တာပါ။ ကာဘိုးဆည်ကြီးကနေလာတဲ့ မြောင်းတွေဖြစ်ပါတယ်။ မူးမြစ်ကို သုံးခြင်းမဟုတ်ပါဘူး။ မူးမြစ်က တကယ့်မြစ်အစစ်ပါ။ ကျယ်တဲ့နေရာမှာ အတော်ကျယ်ပါတယ်။ ရေလဲနက်ပါတယ်။

    ကာဘိုးဆည်ရဲ့ လက်ဝဲမြောင်းမ နဲ့ လက်ျာမြောင်းမ ကြီးတွေကို Ye Oo Main Canal နဲ့ Shwebo Main Canal ဆိုပြီး ခေါ်ပါတယ်။ မြန်မာလိုတော့ ဒေသအခေါ် “မူးမကြီး” လို့ခေါ်ကြပါတယ်။ အဲဒီ မူးမကြီးတွေကမှ ထပ်ခွဲပြီး လယ်တွေကို ရေပေးတဲ့ မြောင်းငယ်တွေကို မူး လို့ ခေါ်ကြတာပါ။
    ဒီတော့ မြစ်ကို မမြင်ဖူးတဲ့သူတွေက အဲဒီ မူးလေးတွေကိုပဲ မြစ်လို့ထင်ကြတာကို သုံးတာပါ။
    ကျမ်းကိုးတော့ မရှိပါဘူး။ ဒေသသုံးစကား ဖြစ်ပါတယ်။

    • ဆရာတော် ဦးစန္ဒောဘာသာစာရ (အမေရိက) says:

      အဲဗျာ မမြင်ဖူး မူးကို မြစ်ထင် ဆိုတာလေးကို စောစောက harry ပြောထားတာကို ဆရာတော်က ထောက်ခံပါတယ် တကယ်လဲ ရေဦးဒေသမှာ အဲဒီလို ခေါ်ကြတယ်၊
      မြစ်ကတော့ တကယ်သဘာဝအတိုင်းရှိနေတာပါ အဲဒီမြစ်ကမှ ကာဘိုးဆည်ကနေ ရေဦးဖက်တခု၊ရွှေဘိုဖက်တခု ခွဲပေးနေတာပါ၊ အဲဒီအခွဲလေးကို မူးလို.ခေါ်တာပါ၊ ရွှေဘို ရေဦး ခင်ဦး ဒေသတွေအားလုံးက မူးနဲ့ မြစ်နဲ့ ပေါင်းပြီး မူးမြစ်လို. ခေါ်ကြတယ်၊

      ရေဦးမှာတော့ မြစ်ကလဲ တကယ်ရှိ၊ မူးကလဲ တကယ်ရှိနေတာပဲ၊ဒေသသုံးစကား တွယ်ကျယ်သလို မြန်မာပြည်တခုလုံးမှာ သုံးနေတဲ့ မမြင်ဖူး မူးမြစ်ထင် ဆိုတာ စကားပုံဟာ ရေဦးလာလဲ သိနိုင်သလို ရေဦးသူ ရေဦးသားတွေ စကားအသံကို နားထောင်ရင် သိနိုင်ပါတယ်၊

      ခက်တာက မှန်တာကိုဆိုရင် စကားပုံလေးတွေနဲ. ပြောပြတတ်တဲ့ ရေဦးဓလေ့ပါပဲ၊ ဒီစာလေးကို တွေ.တော့ ရေဦးကို သတိရပါတယ်၊ ဥရောပနှင့် အမေရိကန်နိုင်ငံတွေမှာ ပင်လယ်သမုဒ္ဒရာတွေ ဖြတ်ကျော်နေရလဲ ရေဦး မူးမြစ်ထဲရေချိုးခဲ့လို.လားမသိ ယုံကြည်ချက်နှင့် မှန်ရာဆိုရင် ပုံပြင်လေးတွေနှင့် အရေးဆိုချင်ပါတယ်၊

      အဲဒါက ဘာလဲဆိုတော့ မြန်မာပြည်တခုလုံးက မူးကိုမြစ်ထင်နေရင် အခုလိုပဲ ငတုံး ငအတွေဘ၀က လွတ်မြောက်မည် မဟုတ်ပါဘူး၊ ဒါကြောင့် အမြင်ကျဉ်းတာ မကောင်ဘူး အရာရာကို ကျယ်အောင် ဖန်တီးနိုင်ကြပါစေ၊

      ဆရာတော် ဦးစန္ဒောဘာသာစာရ
      shwebofive@gmail.com
      အမေရိက

Any suggestions? Please leave it here