မျက်နှာသိ ငါးပိမ၀ယ်ရာ
ခင်မင်သိကျွမ်းသော ငါးပိသည်ဆိုင်တွင် ငါးပိဝယ်သောအခါ သိကျွမ်းသူဖြစ်၍ ပစ္စည်းညံ့ ရောနှောပေးလိမ့်မည်မထင်ဟု သဘောပိုက်ကာ ပို၍အညံ့ရောနှောပေးပါက နောက်တစ်ကြိမ် ၀ယ်ယူမည်မဟုတ်ဟု တွက်ဆကာ ဖောက်သည်ရအောင် ပစ္စည်း ကောင်းကိုသာ ထုတ်ပေးတတ်သည်ဖြစ်၍ မျက်နှာသိဆိုင်တွင် ငါးပိမ၀ယ်ရာဟုဆိုလို သည်။ သိကျွမ်းသူသည် တစ်ခါတစ်ရံတွင် သူစိမ်းထက်ပို၍ ကောက်ကျစ်လှည့်ဖျား တတ်သည့်အခါတွင်သုံးနှုန်းသည်။
စကားပုံစုစုပေါင်း 457 ခုအားထည့်သွင်းထားပြီးဖြစ်သည်။