မျက်ဖြူဆိုက်လေ၊ ဆရာကြိုက်လေ

စေတနာကင်းမဲ့သော ကိုယ်ကျိုးရှာ ဆေးဆရာတစ်ယောက်သည် လူနာအားကု သရာတွင် လူနာက မျက်ဖြူဆိုက်လေလေ လူနာရှင်က ဆရာအား ပို၍အားကိုးကာ တောင်းဆိုသမျှ လာဘ်လာဘကို မဆိုင်းမတွပေးရန် စိတ်ထက်သန်လေလေဖြစ်၍ လူနာအတွက် မကောင်းစေကာမူ ဆရာအတွက် ငွေပိုတောင်းရန် အခွင့်အရေးပိုလာ ခြင်းဖြစ်၍ ဆရာ့အကြိုက်ဖြစ်သည်ဟု ဆိုလိုသည်။ တစ်ဦးအတွက် ဒုက္ခရောက်ခြင်းကို ကျန်တစ်ဦးက မိမိအကျိုးကိုငဲ့၍ နှစ်သက်ဝမ်းမြောက်ခြင်း ဖြစ်တတ်သည့် အဘိဇ္ဈာစိတ် ယုတ်မျိုး ထားရှိခြင်းကို တင်စား၍ဆိုသည်။

3 Comments

  1. zawwineaung says:

    ကြိုက်သူနမ်းလေ ပိုပျော်လေ

  2. Naw Naw says:

    သူနဲ.အနက်တူတဲ့ တရုတ်စကားပုံလေးပါ 幸灾乐祸

  3. winhtainlin says:

    အဲဒီထဲမှာ ကြိုက်သူနမ်းလေး ပိုပျှော်လေ ဆိုတဲ့ စကားပုံက ပိုမှန်တယ်

Any suggestions? Please leave it here