မပြေးသော်လည်း ကန်ရာရှိသည်

လူတစ်ယောက်သည် မပြေးပါဟုငြင်းဆိုသော်လည်း ပြေးရန်အားယူသည်။ ထိုသူ၏ခြေကန်ရာကို တွေ့ရသည်ဟု ဆိုလိုသည်။ တစ်စုံတစ်ရာ ငြင်းကွယ်ရာတွင် လုံးဝယုံကြည်နိုင်ဖွယ်ရာမရှိဘဲ ငြင်းကွယ်ချက်နှင့် ဆန့်ကျင်သော အထောက်အထား များက ပေါ်လွင်နေသည့်အခါတွင် ခိုင်းနှိုင်း၍သုံးသည်။

Any suggestions? Please leave it here