မရောင်ရာ ဆီလူးသည်
အရောင်အနာပျောက်စေသော လိမ်းဆေးဆီကို ရောင်ရမ်းနေသည့် နေရာတွင် မလူးဘဲ မရောင်သည့်နေရာတွင် လိမ်းကျံနေသည်ဟု ဆိုလိုသည်။ ဆောင်ရွက်သင့် သည့် ဒေသ၊ ကာလ၊ ပယောဂကိုမငဲ့ဘဲ အရမ်းအလွဲ ဆောင်ရွက်ခြင်းမျိုးကို ရှုတ်ချ၍ ဆိုသည်။

မရောင်ရာ ဆနွင်း (နနွင်း) လူးသည် ဆိုတဲ့ မူကွဲရှိပါတယ်။