မူးရှိုး ပဲရှိုး၊ ငဖြိုးကျွန်ဖြစ် (ကျပ်ရှိုး ပြားရှိုး၊ ငဖြိုးကျွန်ဖြစ်)

ငဖြိုး၏ဇနီးဖြစ်သူသည် ငဖြိုးရှာဖွေရရှိသော ငွေများထဲမှ တစ်မူးယူထားလိုက်၊ တစ်ပဲယူထားလိုက်ဖြင့် နှိုက်ထုတ်၍ ကဲ့ဝှက်ကာ မိမိဆွေမျိုးများကို ပံ့ပိုးသဖြင့် ငဖြိုးမှာ တဖြည်းဖြည်း စီးပွားပျက်ကာ ကျွန်ခံအသက်မွေးရသည့်ဘ၀သို့ ရောက်ရသည်ဟု ဆိုလိုသည်။ အနည်းငယ်မျှ ဖြစ်သော်လည်း စုဖန်များသော် များပြားလာနိုင်သည်ကို ထင်ရှားစေလို၍ဖြစ်စေ၊ မယားတို့၏ ကောက်ကျစ်မှုကို ဖော်ပြလိုရာ၌ဖြစ်စေ သုံးနှုန်း သည်။

2 Comments

  1. mm thinker says:

    ရှိး or ရှိုး?

    • mmproverb says:

      ဟုတ်ကဲ့ခင်ဗျ။ ရှိုး ပါ .. ကျွန်တော်အကုန်ပြင်လိုက်ပါပြီ။ ကျေးဇူး။

Any suggestions? Please leave it here