မီးစတစ်ဖက် ရေမှုတ်တစ်ဖက်
လူတစ်ယောက်သည် လက်တစ်ဖက်တွင် မီးစ၊ လက်တစ်ဖက်တွင် ရေမှုတ်ကို ကိုင်၍ မီးနှင့်ရှို့လိုက်၊ ရေနှင့်လောင်းလိုက်၊ မီးနှင့်ထပ်ရှို့လိုက်၊ ရေနှင့်ငြိမ်းလိုက်နှင့် ပြုမူ သည်ဟုဆိုသည်။ အခြားသူများကို ဆူပူအောင် ဆွမြှောက်ပေးလိုက်၊ တစ်ဖက်တွင် လည်း ငြိမ်းအေးအောင်ဟန်ပြလုပ်လိုက် စသည်ဖြင့် အပူအအေးနှစ်ဖက်လုံးတွင် ၀င်ရောက်ချယ်လှယ်ကာ အခြေအနေနှစ်ရပ်လုံး၊ နှစ်ဖက်လုံးကိုအလျှော့အတင်း ကိုင်၍ ထားသည့်အခါမျိုးတွင် သုံးနှုန်းသည်။
စကားပုံစုစုပေါင်း 457 ခုအားထည့်သွင်းထားပြီးဖြစ်သည်။