မိုး စနေ၊ လေ ရာဟု

အနောက်တောင် စနေထောင့်ဘက်မှ မှိုင်းမှောင်တက်လာခဲ့လျှင် ရေခိုးရေငွေ့ ရှိရာ ပင်လယ်ပြင်ကိုဖြတ်၍ လာရသည်ဖြစ်သောကြောင့် မိုးသက်ထန်ဖွယ်အကြောင်း များသည် အနောက်မြောက် ရာဟုထောင့်မှ မှိုင်မှောင်တက်၍ လာလျှင်မူကား မိုးတိမ် မိုးသားနည်း၍ လေပြင်းသာတိုက်ခက်ဖွယ်ရာ အကြောင်းများသည်ဟုဆိုလိုသည်။ မိုးနှင့်လေ အခြေအနေသဘာဝကိုရည်၍ ဆိုသည်။

Any suggestions? Please leave it here