မရ-ရသက ချိုင်သည်

မဟာသုတသောမဇာတ်တွင် ဗြဟ္မဒတ်မင်းသည် အသားစားကြူးသောကြောင့် စားတော်ကဲ ရသကသည် သားငါးမရသဖြင့် လူသေအလောင်းမှ လူသားများကို ချက် ပြုတ်ကျွေးမွေးသည်တွင် လူသားကောင်းမှန်းသိ၍ လူသားကိုအမြဲစားနေရာမှ နောက်ဆုံးတွင် စားစရာ အခြားလူသားမရသောအခါ မင်းက စားတော်ကဲရသကကို သတ်၍ ချက်ပြုတ်စားသည်ဟု ဆိုလိုသည်။ ရည်မှန်းကြံရွယ်ချက်ကိုမရသောအခါ ရသမျှကို မလွတ်တမ်း အခွင့်ကောင်းယူ၍ အရအမိ ကြံစည်ခြင်းမျိုးကို တင်စားသုံးနှုန်း သည်။

Any suggestions? Please leave it here