မရွယ်ဘဲနှင့် စော်ကဲမင်းဖြစ်သည်
အင်းဝသတိုးမင်းဖျား နတ်ရွာစံသော် သားတော်မရှိသဖြင့် မှုးမတ်တို့က ရမည်းသင်းစား သီလ၀ကို ထီးနန်းအပ်ရာ သီလ၀ကမင်းမလုပ်လိုသောကြောင့် မမြင့်မြို့စား တရဖျား စော်ကဲ (မင်းကြီးစွာစောကဲ)ကို မင်းမြှောက်ရန် အကြံပေးသည့် အတိုင်း မင်းမြှောက်ကြသည်တွင် မင်းကြီးစွာစော်ကဲသည် မရည်ရွယ်ဘဲ မင်းဖြစ်ရ သည်ဟုဆိုလိုသည်။ မမျှော်လင့် မရည်မှန်းဘဲ ကြီးမြင့်ခြင်းသို့ ရောက်ရသည့်အခါတွင် သုံးနှုန်းသည်။
စကားပုံစုစုပေါင်း 457 ခုအားထည့်သွင်းထားပြီးဖြစ်သည်။