မယားနေစ ကြောင်သေမှ
အလုပ်အကိုင် ပျင်းရိသော မိန်းကလေးနှင့် လက်ထပ်သောယောက်ျားသည် မိန်းမမလုပ်ချင် မကိုင်ချင်ပုံကို အပြစ်မဆိုသာသဖြင့် မိန်းမချစ်သော ကြောင်ကလေးကို အပြစ်တင်၍ ရိုက်နှက်လေမှ မိန်းမသည် မရှုရက်တော့ဘဲ အိမ်အလုပ်ကို ထ၍ လုပ်ကိုင် လေသည်တွင် မယားသူခါစ၌ ကြောင်သေလုနီးပါးဖြစ်အောင် သွန်သင်လမ်း ကြောင်းပြမှ ရှေ့အရှည် အဆင်ပြေသည်ဟုဆိုသည်။ (မယားနေစ၊ ချောင်သေမှတွင် ရူပါ)
စကားပုံစုစုပေါင်း 457 ခုအားထည့်သွင်းထားပြီးဖြစ်သည်။
မှားနေပါတယ်လို့ပြောပါရစေ……
မယားနေစချောင်သေမှ…..ဖြစ်ပါသည်….။
ဆိုလိုရင်းမှာမိန်းမတစ်ယောက်ဟာအိမ်တွင်းမှု့လုပ်တဲ့နေရာမှာလူတွေမမြင်နိုင်တဲ့
ချောင်(ဂျောင်)ဂလောင်နေရာတွေမှာပစ္စည်းများသပ်သပ်ရပ်ရပ်ရှိနေခြင်းရှိပါကထိုမယားသည်
မယားကောင်းဖြစ်ပါသည်ဟုဆိုလိုပါသည်..။