မမှားသောရှေ့နေ မသေသော ဆေးသမား (မရှိ)
ရှေ့နေသည် ဥပဒေနှင့် စကားနှံ့စပ်တတ်သိသော်လည်း မှားယွင်းသည့်အခါ လည်းရှိတတ်သေးသည်။ ထို့အတူ ဆေးသမားသည်လည်း ကုသတိုင်းပျောက်ကင်း သည်မဟုတ်ဘဲ ကုသရင်းသေဆုံးသူလည်း ရှိတတ်သေးသည်ဟု ဆိုလိုသည်။ လောကတွင်မည်သူမဆို အမှားနှင့်မကင်းကြောင်းကို ထင်ရှားစေရန် သုံးနှုန်းသည်။
စကားပုံစုစုပေါင်း 457 ခုအားထည့်သွင်းထားပြီးဖြစ်သည်။
(1 votes, average: 4.00 out of 5)
တစ်ချို့ စကားပုံ တွေ က အမျိုးမျိုး တွေးလို့ရပါတယ်။
အခုလည်း ဒီလိုသာ ရေးထားတာ၊ ကျွန်တော်တွေးလိုက်တာက တစ်မျိုး၊
ရှေ့နေတိုင်းမှားသည်၊ဆေးသမားတိုင်း သေသည်တဲ့။