မပူလိုလို့ ယောက်မရှာသည်၊ ပူလိုက စုံနှိုက်မည်
ထမင်းချက်သောမိန်းမသည် လက်ပူမည်စိုးသဖြင့် ယောက်မရှာ၍ ဟင်းအိုးမွှေ ရာတွင် ယောက်မအရိုးတို၍ လက်ပူသည့်အခါ ယောက်မသုံးရကျိုးမနပ်သဖြင့် ယောက်မ သုံးသည်မှာ လက်မပူလို၍ဖြစ်ကြောင်း ပြောဆိုသည်ဟုဆိုလိုသည်။ တစ်စုံ တစ်ခုကို အသုံးပြုခြင်း၊ တစ်ဦးတစ်ယောက်ကို မှီခိုခြင်းသည် ထိုက်သင့်လျော်စွာ အကျိုးရှိစေရန် သာဖြစ်သဖြင့် ထိုသို့အကျိုးမရှိ၊ အသုံးပြုမှီခိုရကျိုးမနပ်သောအခါတွင် စကားနာထိုး၍ သုံးနှုန်းသည်။
စကားပုံစုစုပေါင်း 457 ခုအားထည့်သွင်းထားပြီးဖြစ်သည်။