မစွမ်းရင်းကလည်းရှိ ကန်စွန်းခင်းကလည်းငြိ
လူတစ်ယောက်သည် ကန်စွန်းခင်းကို ဖြတ်ကျော်ခုန်လွှားရာ၌ ခုန်နိုင်စွမ်းမရှိ သဖြင့် မလွတ်သာဘဲ တန့်ဆုတ်၍နေသည်တွင် ကန်စွန်းပင်များကလည်း ခြေထောက် တွင် ထွေးငြိနေသည်ကို အကြောင်းပြလျက်၊ ကန်စွန်းခင်းငြိနေသောကြောင့်သာ မခုန် နိုင်ခြင်းဖြစ်သည်ဟု မိမိအစွမ်းမရှိခြင်းကို ကွယ်ဝှက်ဆိုသည်ဟု ဆိုလိုသည်။ အကြောင်းပြချက်တစ်ခုခုဖြင့် ဆင်ခြေလဲဆိုစေကာမူ အခြားအကြောင်းတစ်ခုကြောင့် လည်း ဖြစ်သည်ဟုထင်ရှားစေလို၍ သုံးနှုန်းသည်။
စကားပုံစုစုပေါင်း 457 ခုအားထည့်သွင်းထားပြီးဖြစ်သည်။