မင်းနားတစ်ထောင်၊ မင်းမြှောက်တစ်သိန်း
မင်းတို့၌ ပကတိနားနှစ်ဖက်သာရှိသော်လည်း မင်းတို့ထားအပ်သော သူလျှို အမြောက်အမြားရှိသဖြင့် ထိုသူတို့၏ အကူအညီကိုရသောမင်းမှာ နားပေါင်းတစ် ထောင်ရှိသကဲ့သို့ အကြားအသိရှိသည်။ မင်းတို့အား ကပ်မြှောင်ခစားသော မင်းခ ယောက်ျားပေါင်းမှာလည်း သိန်းနှင့်ချီ၍ရှိသည်ဟု ဆိုလိုသည်။ မင်းတို့အား မကြားမသိ ဟူ၍ အထင်မသေးအပ်ကြောင်း ဖော်ပြ၍သုံးသည်။
စကားပုံစုစုပေါင်း 457 ခုအားထည့်သွင်းထားပြီးဖြစ်သည်။