ဖွဲကိုထောင်း၍ ဆန်ကောင်းမရ
စပါးကိုကြိတ်ထိုး၍ ဆန်လုံးတီးစေ့ကို ထောင်းမှ ဆန်ဖြူဆန်ကောင်း ရရှိနိုင်သည်ဖြစ်ရာ ဆန်စေ့မပါတော့သည့် ဖွဲကြမ်းခွံကို မည်မျှပင် ထောင်းဖွပ်သည်ဖြစ် စေ ဆန်ကောင်းထွက်ပေါ်၍ မလာနိုင်ဟု ဆိုလိုသည်။ အရင်းအခြေကပင်လျှင် ကောင်း မွန်သောအရည်အသွေး အခြေဗီဇမျိုးကောင်းမျိုးသန့်မပါဘဲနှင့် မည်မျှပင်အပင်ပန်း ခံ၍ ပြုပြင်စေကာမူ ကောင်းမွန်တိုးတက်မှု ရရှိမလာနိုင်ဟု ဆိုလိုသည်။
စကားပုံစုစုပေါင်း 457 ခုအားထည့်သွင်းထားပြီးဖြစ်သည်။