ပျားရည်နှင့် ၀မ်းချသည် (၀န်ချသည်)
ဝမ်းသွားစေရန် အ၀င်ဆိုးသော ဆေးများဖြင့် ၀မ်းမနုတ်ဘဲ ချိုမြသော ပျားရည် ဆေးဖြင့် ၀မ်းပုပ်ချသည်ဟု ဆိုလိုသည်။ အသာအယာ သက်သာသော စကားမျိုးဖြင့် နှစ်သက်အောင်ပြု၍ မိမိအလိုဆန္ဒပြည့်ဝအောင် ပြုလုပ်သည့်အခါတွင် တစ်ဖက်သား၍ အ၀င်ချို၍ အကြိုက်တွေ့သလောက် ထိုသူသည် ပစ္စည်ူးတစ်စုံတစ်ရာ သို့မဟုတ် ကျေနပ်ခွင့်လွှတ်မှုတစ်ခုခုကို ပေးအပ်လိုက်ရသည်ဟု ဆိုလိုသည်။
(အချို့က ပျားရည်ကို ကန်တော့လက်ဆောင်ပြု၍ ၀န်ချတောင်းပန်သည်ဟု အဓိပ္ပာယ်ကောက်ယူကြသည်။ အသုံးနည်း၏။)
စကားပုံစုစုပေါင်း 457 ခုအားထည့်သွင်းထားပြီးဖြစ်သည်။