ပုံမဟုတ်၊ ပတ်မဟုတ် (ဗုံမဟုတ်၊ ပတ်မဟုတ်)
ပြောဆိုသော စကားသည် ရှေးဟောင်းပုံပြင် ၀တ္တုလည်းမဟုတ်၊ ဘုရားဟော ပါဠိလည်းမဟုတ်၊ ဟိုမရောက် သည်မရောက် ဆန်ကောဆန်ခါဖြစ်နေသည်ဟု ဆိုလို သည်။ တစ်ခုခု မည်မည်ရရမဆိုလောက်သောကိစ္စ၊ အရာမရောက်သောကိစ္စများတွင် တင်စားသုံးသည်။