ပန်းပဲသူကြီး မီးပူမကင်းနိုင်
ပန်းပဲအလုပ်ဖြင့် အသက်မွေးသူသည် ဖားဖိုရှေ့တွင် မီးပူ၊ သံပူနှင့် အလုပ်လုပ် ရသဖြင့် မီးပူကို ရှောင်ကွင်း၍မရနိုင်ဟုဆိုလိုသည်။ မလွှဲရှောင်သာ၍ လုပ်ကိုင်ရမည့် အလုပ်တွင် အန္တရာယ်အခက်အခဲကို မုချရင်ဆိုင်ရမည်သာဖြစ်သည်ဟု ဆိုလိုသည်။