ပန်းထိမ်မတတ်ခင်၊ ရွှေခိုးသင်
ပန်းတိမ်အတတ်ကိုသင်ရာတွင် ပန်းတိမ်ပညာကို ကောင်းစွာမတတ်မီက ရွှေကို မည်သို့ခိုးယူရမည်ကို ကျော်လွှား၍ သင်ကြားလေ့လာသည်ဟုဆိုသည်။ လုပ်သင့်လုပ် ထိုက်သည့်အလုပ်ကို မလုပ်မီနောက်တစ်ဆင့်ဖြစ်သည့် အလုပ်ကိုကျော်လွှား၍ လုပ်ကိုင်ခြင်းမျိုးကိုအပြစ်တင်၍ သုံးနှုန်းသည်။
စကားပုံစုစုပေါင်း 457 ခုအားထည့်သွင်းထားပြီးဖြစ်သည်။
ကျွန်တော်သိထားသလောက်ကတော့ ပန်းထိမ်မတတ်ခင်၊ ရွှေပိုး သင် ပါ
ပန်းထိမ်လုပ်ရင် ရွှေကိုလိုချင်တဲ့အလေးချိန်ထက် ပိုးပြီးလုပ်ရပါတယ်
ဥပမာ – ၁ ကျပ်သားလိုချင်ရင် ၁ ကျပ် ၁ ရွေးသားနဲ့ လုပ်မှ အလေအလွင့်နဲ့ ၁ ကျပ်သား ကျန်မှာပါ
ဒါကြောင့် ပန်းထိမ်မသင်ခင် ရွှေကို ပိုးတတ်ဖို့အရင်သင်တဲ့သဘောပါ
ဒါကျွန်တော်သိထားတာပါ မှားရင်လည်း မှားနေနိုင်ပါတယ်
ကျွန်တော်သိထားတာကတော့ ဒီအပေါ်ကအတိုင်းပဲဗျ။ ပန်းထိမ်မတက်ခင်၊ ရွှေခိုးသင်ပေါ့။ ဒါပေမဲ့ အကိုပြောတာလဲဖြစ်နိုင်ပါတယ်။ စကားပုံတွေက ကာလဒေသနဲ့အလျှောက် ကွဲပြားမှု့ရှိတယ်ဆိုတော့။ ကျေးဇူး ဗျာ။
ကျွန်တော်ပြောချင်ပါတယ်…ခွင့်ပြုပါ
စကားပုံအမှန်ကပန်းတိမ်မတတ်ခင် ရွှေခို သင်ပါ။ ခိုးတာမဟုတ်ပါဘူး
ပန်းတိမ်စသင်ပါကမိမိလုပ်မည့်ပစ္စည်းကို( ခို )
ပြီး…(ပိုး)ပြီးလုပ်ဆောင်မှု့ကိုစသင်ရခြင်းဖြစ်ပါသည်..။