နွားရှေ့ ထွန်ကြူးသည်

လယ်ထွန်သည့်အခါတွင် နွားက ရှေ့ကဆွဲ၍ ထွန်သွားက နောက်ကလိုက်ရမြဲ ဖြစ်ရာ ထွန်သွားက ဖြစ်ရိုးဖြစ်စဉ်ထက်လွန်၍ ရှေ့ကသွားနေခြင်းမှာ သဘာဝမကျဟု ဆိုလိုသည်။ အရိုးအစဉ် သဘာဝထက်ပိုလွန်း၍ ကမောက်ကမဖြစ်ခြင်းကို ရှုတ်ချသော အားဖြင့် သုံးနှုန်းသည်။ မတတ်မစွမ်းသူက တတ်စွမ်းသူကို ကျော်လွှမ်း၍ သြဇာပေး၊ အခွင့်ရရေးသည့်အခါမျိုးတွင်လည်း သုံးသည်။

1 Comment

  1. Harry says:

    နီးစပ်သော စကားပုံများက -
    ဘုန်းကြီး စာချ
    မိကျောင်းမင်း ရေခင်းပြ ဖြစ်ပါတယ။်

Any suggestions? Please leave it here