နဂိုရှိမှ နကိုင်းထွက်သည်
နဂိုမူလက ပင်စည်အဆစ်တွင် အစို့အညှောင့်ပေါက်မည့် မျက်လုံးအိမ်ပါရှိမှသာ အကိုင်းအခက်ထွက်နိုင်သည်ဟုဆိုလိုသည်။ (နဂိုဟူသော စကားနှင့်လိုက်ဖက်အောင် နကိုင်းဟူ၍ နအတူပြု၍ဆိုသည်။) မူလက အရင်းခံပင်ကိုယ်အရည်အချင်း ရှိမှသာလျှင် မွမ်းမံဖြည့်ဆောင်းမှုကြောင့် အရည်အချင်း တိုးတက်လာနိုင်သည်။ ပင်ကိုယ်အရင်းခံက မရှိလျှင် မည်မျှမွမ်းမံစေကာမူ တိုးတက်ခြင်း၊ ပြည့်မြောက်ခြင်း မရှိ နိုင်ဟု ဆိုလိုသည်။
စကားပုံစုစုပေါင်း 457 ခုအားထည့်သွင်းထားပြီးဖြစ်သည်။