ဓားလဲနှင့် ဆားလဲ
ရေတွင် နစ်မြုပ်နေသောဓားကို ဆားနှင့်လဲရာ ဆားရှင်က ဓားကိုတောင်း သောအခါ ဓားရှင်က ရေထဲတွင်ရှာဖွေ၍ ယူလေဟုဆိုသဖြင့် ဆားရှင်လည်း ဆားကို ရေတွင် နစ်မြုပ်နေသဖြင့် ရေထဲမှာပင် ရှာဖွေယူလေဟု ပြန်ပြောသည်ကို ဆိုလိုသည်။ တစ်ဖက်နှင့်တစ်ဖက် ကောက်ကျစ်စဉ်းလဲမှုချင်း တူသည့်အခါတွင်ဖြစ်စေ၊ အလဲ အလှယ်ပြုရာတွင် တစ်ဖက်ပစ္စည်းနှင့် တစ်ဖက်ပစ္စည်းသည် ချို့ယွင်းပုံချင်းချေသာ ထေသာအောင် တူညီသည့်အခါ သူမနာ၊ ကိုယ်မသာဖြစ်ပုံကိုဖြစ်စေ၊ တင်စားသုံးနှုန်း သည်။
စကားပုံစုစုပေါင်း 457 ခုအားထည့်သွင်းထားပြီးဖြစ်သည်။
ကျွန်တော် ကြားဖူးတာက တစ်ယောက်က ထန်းလက်တွေကို ဆေးသုတ်ပြီး ဓားပုံစံ လုပ်တယ်။ ဓားအစစ်က တစ်ချောင်းဘဲ ပါတယ်။
ဆားသည်ကလည်း အောက်မှာ သဲတွေ ခံပြီး အပေါ်က ဆားနည်းနည်းဘဲ ဖြူုးထားတာ။
အဲသည်နှစ်ယောက် တွေ့ ကြပြီး ဓားနဲ့ ဆားနဲ့ လဲလှယ်ကြတယ် လို့ ကြားဖူးပါတယ်
မှားနေတယ်ဆိုရင်တော့ ခွင့်လွှတ်ပါဗျာ
ဟုတ်ပ ကျနော်လဲ အဲဒီလိုပဲ ကြားဘူးတာပါပဲ
ကျလီကျတာ (ကောက်ကျစ်တာ) ခြင်းတော့ တူတူပဲမဟုတ်လားဗျ