ဒူးလောက်တင်မှ ရင်လောက်ကျသည်

ရေအိုးကို တစ်ယောက်တည်း ပင့်တင်သည့်အခါ ရေအိုးကိုဒူးဆစ်အမြင့် လောက်ရှိသောနေရာတွင် တစ်ဆင့်တင်ထားပြီး ဆောင့်ကြောင့်ထိုင်၍ အိုးပင့်သော အခါ ရင်နှင့်တစ်တိုင်းတည်း အမြင့်လောက်ရရှိ၍ ခေါင်းပေါ်အထိ တစ်ဆက်တည်း လွယ်ကူစွာ တွန်းပပင့်တင်နိုင်သည်ဟုဆိုလိုသည်။ (ထိုထက်နိမ့်သော် ဆွဲမရပြီး မြင့် လွန်းသော် ထိုင်မ၍လည်း လမ်းခုလတ်ဖြစ်၍ မလွယ်ဘဲရှိတတ်သည်)။ အတိုင်းအဆ သင့်လျော်အောင် ကြိုတင်မှန်းထားတတ်ရန် လိုကြောင်းကို ညွှန်ပြ၍ သုံးနှုန်းသည်။ (ပိုပိုမိုမို မှန်းထားမှ အလျော့တွက်နှင့် သင့်ရုံရှိမည်ဟု ဆိုလိုသည်။)

7 Comments

  1. myowai says:

    many thank to you,
    i always consider about it,but i did not get the answer.
    now i have got it.so thank again.

  2. Anselm says:

    stupid guy

  3. crystal says:

    ဒါအကိုးအကားရှိလား၊ ကိုယ့်အတွေးနဲ့ ကိုယ်ရေးတာလား။ ဆရာမသင်ဖူးတာတော့ ဒီစကားပုံဟာ ရေအိုးပင့်ခြင်းမှလာတာမဟုတ်ကြောင်း၊ မုဆိုးမျှားပြစ်ခြင်းမှလာကြောင်း မှတ်သားဖူးတယ်။ မုဆိုးဟာ ပြေးနေတဲ့ သမင်ကို လေးနဲ့ချိန်ရာမှာ ဒူးပေါ်တင်ပြီးချိန်ရကြောင်း၊ ဒူးလောက်တင်ထားခါမှ သမင်ရဲ့ ရင်အုပ်ကိုတည့်တည့် မှန်နိုင်ကြောင်း။ သေချာအောင် ဆရာများကိုသော်လည်းကောင်း အကိုးအကားစာအုပ်များကိုသော်လည်းကောင်း ရှာကြည့်ပေးပါ။ ကျွန်မ မှားရင်လည်း အကိုးအကားနှင့်တကွ ရှင်းပြပေးပါ။ ကျေးဇူးတင်ပါတယ်။

    • Ariel says:

      ကျွန်မလည်း ဒူးလေး ပစ်တာကနေ လာတယ်လို့ပဲ မှတ်သားဖူးပါတယ်။

  4. ဒူးပေါ်တင်ရတာလား..

  5. hanlintunn says:

    ကျွန်တော်ဖတ်မိတဲ့စကားပုံစာအုပ်ကရတာလေးကိုရေးပေးပါမယ်..

    ဒူးဆိုသည်မှာမုဆိုးအသုံးအနှုန်းဖြစ်ပါသည်။
    ရင်ညွန့်ဆုံရာအရပ်ဟုဖတ်မှတ်မိပါသည်။
    မုဆိုးများသည်သားကောင်ကိုချိန်တွယ်ရာတွင်၎င်းရင်ညွန့်ဆုံရာအရပ်သို့
    ချိန်တွယ်ပြီးပစ်သောအခါမှ မျှားသည် ရင်လောက်ကိုရောက်နိုင်သည်ဟူ၍
    ဖြစ်ပါသည်။

    အမှန်တရားကိုရှာဖွေ့တွေ့ရှိနိုင်ပါစေ.

Any suggestions? Please leave it here