ထိုင်နေအကောင်းသား ထသွားမှ ကျိုးမှန်းသိ
ကျိုးသောသူသည် ဣနြေ္ဒမပျက်ထိုင်နေသောအခါ ကျိုးသည်ဟု မသိသော်လည်း အြိငိမ်မနေဘဲ ထ၍သွားပြသောအခါ အကျိုးဖြစ်မှန်းကို အခြားသူများ သိခွင့်ရသည်ဟု ဆိုလိုသည်။ သာမန်အားဖြင့် ဣနြေ္ဒရစွာနေထိုင်သောအခါ အပြစ်အနာ ချို့ယွင်းချက်တို့ ကိုသူတစ်ပါးက မသိနိုင်ပေရာ ဣနြေ္ဒရစွာမနေဘဲ ဆပ်ဆော့၍ တစ်စုံတစ်ရာ အစွမ်းပြသ မည်ပြုသောအခါ မစွမ်းကြောင်းကို အများအားဖွင့်ထုတ်ပြသကဲ့သို့ ရှိနေသဖြင့် မူလ အတိုင်းနေသည်ကမှ တော်သေးသည်။ လှုပ်ရှားသောအခါ အခြေအနေမှန်ပေါ်သွားသည် ဟု အငြိမ်မနေ၊ ဣနြေ္ဒမစောင့်စည်းခြင်းကို အပြစ်တင်၍ သုံးနှုန်းသည်။
စကားပုံစုစုပေါင်း 457 ခုအားထည့်သွင်းထားပြီးဖြစ်သည်။