ထမင်းကြမ်းက အငွေ့ထွက်ချင်
အပူငွေ့စဲ၍ အေးနေသော ထမင်းကြမ်းခဲကပင်လျှင် သဘာဝမဟုတ်ဘဲ အငွေ့ ထွက်ချင်ခြေင်းမှာမသင့်ဟု ဆိုလိုသည်။ မိမိသဘာဝမဟုတ်ဘဲ လော်လည်၍ မတန်မရာ မပြုသင့်ရာ ပြုလိုခြင်းကို ရှုတ်ချသောအားဖြင့် သုံးနှုန်းသည်။