ထမင်းရေပူလာ လျှာလွှဲ

လျှာသည် အရသာခံသော ကိုယ်အင်္ဂါအစိတ်အပိုင်းဖြစ်၍ ပါးစပ်တွင်းသို့ သွင်းလာ သော အရသာတို့ကို လှိမ့်လူးမွှေနှောက်၍ ခံစားတတ်သော်လည်း ပူလောင်သော ထမင်း ရေပူကို သောက်မျိုလိုက်သောအခါတွင်မူ လျှာက ဘေးသို့ကပ် လွှဲဖယ်နေသည်ဟု ဆိုလိုသည်။ စံစားစရာရှိလျှင် စံစားတတ်၍ အနစ်နာခံစားစရာ၊ အပြစ်သင့်ရောက်စရာ ရှိလာသောအခါ ရှောင်တိမ်းလွှဲဖယ်တတ်ခြင်းမျိုးကို ရှုတ်ချသောအားဖြင့် သုံးနှုန်းသည်။

Any suggestions? Please leave it here