တောသစ်ပွင့်ကိုလိုသော် တောသစ်ခက်နှင့်ချူ

တောထဲမှ သစ်ပွင့်ကိုလိုချင်ခဲ့သော် တောထဲမှ သစ်ခက်သစ်ကိုင်းနှင့်ချူသော် လွယ်ကူစွာ ရရှိနိုင်သည်ဟု ဆိုလိုသည်။ ရွာသူကိုကြိုက်နှစ်သက်သော် ရွာသားအောင် သွယ်၍ အကူအညီဖြင့်လည်းကောင်း၊ တိုင်းပြည်တစ်ပြည်ကို စစ်ပြိုင်ရာ၌ ထိုပြည်တွင်း သားတို့၏အကူအညီဖြင့်လည်းကောင်း ကြိုးပမ်းဆောင်ရွက်ရန် လမ်းညွှန်ပြသသည့် အနေဖြင့် သုံးနှုန်းသည်။

Any suggestions? Please leave it here