တောမီးလောင် တောကြောင် လက်ခမောင်းခတ်သည်
တောထဲတွင် သဘာဝပွတ်မီးကြောင့်ဖြစ်စေ၊ ရှို့မီး၊ မီးကြွင်းတို့ကြောင့်ဖြစ်စေ၊ တောမီးလောင်သောအခါ ယုန်၊ ဖွတ်၊ ပတတ်၊ ချေ၊ ရှဥ့်စသော သတ္တ၀ါငယ်များသည် ခိုအောင်းရာမှ ကြောက်လန့်တကြား ပြေးထွက်လာသည်ဖြစ်ရာ သားကောင်ငယ်များကို ရှာဖွေကိုက်သတ်စားလေ့ရှီသည့် တောကြောင်အဖို့ အစားအစာအသင့် ဖောဖောသီသီ ရနိုင်မည်ဖြစ်၍ ၀မ်းပန်းတသာ လက်ခမောင်း (လက်ပန်းပေါက်)ခတ်သည်ဟု ဆိုလို သည်။
အခြားသူများ၏ ဘေးဒုက္ခအခက်အခဲ အခြေအနေတွင် သူယုတ်တို့ ကောက်ကျစ် စဉ်းလဲစွာ အကျိုးအမြတ် ရှာတတ်ခြင်းကို ရှုတ်ချ၍သုံးနှုန်းသည်။
စကားပုံစုစုပေါင်း 457 ခုအားထည့်သွင်းထားပြီးဖြစ်သည်။
ပွဲလန့်တုန်း၊ ဖျာခင်း