တောဆင် ခမည်းပေးသည်
ကလေးငယ်များ မပြတ်ချူချာ ငိုယိုသောအခါ ဘေးအန္တရာယ်ကင်းရှင်းစေရန် စိတ် အပြောင်းအလဲ၊ အလိုဆန္ဒပြည့်ဝစေလိုသည့်သဘောနှင့် ရွှေ၊ ကြက်၊ အ၀တ်အထည် စသော အနီးအပါးဆောင်ထားရန် ပစ္စည်းလက်ဆောင်ပေးသော ဓလေ့ရှိရာ ထိုသို့ခမည်း လိုရာတွင် တောတောင်ထဲ၌သာ လှည့်စားသွားလာနေသော တောဆင်ကို ခမည်းအဖြစ် ပေးသဖြင့် အမည်သာပေး၍ လက်တွေ့အားဖြင့် တောဆင်မှ အနီးအပါး၌ မည်သည့်အခါ မျှမရှိဘဲ ဖြစ်နေသည်ဟု ဆိုလိုသည်။ အမည်အားဖြင့် သာပေး၍ တကယ်လက်တွေ့မရရှိ သောအခါ တကယ်အကျိုးခံစားခွင့် မရသောအခါမျိုးတွင် သုံးနှုန်းသည်။
စကားပုံစုစုပေါင်း 457 ခုအားထည့်သွင်းထားပြီးဖြစ်သည်။


Thank you for showing the proverbs and explaining them.