တပည့်လိမ္မာ ဆရာအာပတ်လွတ်
တပည့်ဖြစ်သူက အရိပ်အခြည်အလိုက်အထိုက် သိတတ်၍ ဆရာ့တာဝန်အချို့ကို ရှေ့ဆောင်လုပ်ကိုင်၍ တာဝန်လွှဲပြောင်းခံယူလိုက်သောအခါ ဆရာဖြစ်သူမှာ တာဝန်ပေါ့ ၍ အပြစ်ဖြစ်စရာရှိခြင်းမှလည်း ကင်းလွတ်ရသည်ဟု ဆိုလိုသည်။
တောကျောင်းတွင် ကိုရင်ကြီးတစ်ပါး၌ တပည့်ကျောင်းသားတစ်ယောက်ရှိ၏။ တစ်ခါသော ကိုရင်ကြီးက ကြက်သားဟင်းစားချင်၏။ သို့ရာတွင် အာပတ်သင့်မည်စိုး၍ ကျောင်းသားဖြစ်သူကို ကြက်သတ်ရန် တိုက်ရိုက်မခိုင်းသာချေ။ ထို့ကြောင့် ကြက်သား ဟင်းသည် စား၍ကောင်းသောဟင်းဖြစ်ကြောင်းမျှကိုသာ ပြော၏။ အလိုက်သိသော တပည့်ကား ကြက်ကိုသတ်၍ ချက်ပြုတ်ပြီး ကပ်လှူလေသည်။ တပည့်လိမ္မာ၍ ဆရာ အာပတ်လွတ်၏။
ကြားလူနှင့်အပေါင်းအဖော်ဖြစ်သူတို့က နှစ်ဦးနှစ်ဖက်ကြားတွင် စကားကို ပြေလည်အောင် ၀င်ရောက်ပို့ထောက်ပေးခြင်းဖြင့် ကာယကံရှင်၌ များစွာအကျိုးရှိ ကြောင်းကို သုံးနှုန်းသည်။
စကားပုံစုစုပေါင်း 457 ခုအားထည့်သွင်းထားပြီးဖြစ်သည်။