တစ်တော တစ်ကြက်ဖ တွန်သည်
တောတစ်ခုတွင် ကြက်ဖတစ်ကောင်က ဦးဆောင်၍ တွန်လေ့ရှိသည်ဟု ဆိုလိုသည်။ ဒေသတစ်ခုတွင် ဦးစီးခေါင်းဆောင်တစ်ဦးဦးပေါ်မြဲဖြစ်၍ သူ့နေရာနှင့်သူ တွင်ကျယ်ကြသည်ဟု ဆိုလိုသည်။