တစ်သက်လုံးဖုံးသမျှ ကုန်းသွားမှပေါ်
ငယ်ရွယ်စဉ်ကစ၍ ဖုံးလွှမ်းအပ်သော ဟိရိကောပိန အရှက်ဖုံး ကိုယ်အင်္ဂါအစိတ် အပိုင်းတို့သည် အသက်အရွယ်အိုမင်း ခါးကုန်း၍ မိမိကိုယ်ကို မထိန်းနိုင်၊ မသိမ်းနိုင်ရှိ သောအခါမှ ပေါ်ပေါ်လွင်လွင် ဖြင်လာရသည်ဟုဆိုသည်။ ဖုံးကွယ်လာခဲ့သော အမှုကိစ္စ သည် တစ်ချိန်တစ်ခါတွင် အကြောင်းအားလျော်စွာ ပွင့်ပေါ်လာရသောအခါတွင် သုံးနှုန်း သည်။
တစ်နည်း တစ်သက်လုံး စဉ်းစားဉာဏ်နုံချာ၍ ကင်းမဲ့၍ ဉာဏ်အမြင်မပေါက်ဘဲ မောဟပိတ်ဖုံးခဲ့သည်မှာ အသက်အရွယ် အိုမင်းခါးကုန်း၍ တရားသဘော ထောက်မိ သောအခါမှ အဓိပ္ပာယ်တရားမှန် အလင်းရောင်ပေါ်လာသည်။ ကာလကြာရှည်မိုက်မဲခဲ့ သမျှ ကြီးမှလိမ္မာရသည်ဟုလည်းဆိုသည်။
စကားပုံစုစုပေါင်း 457 ခုအားထည့်သွင်းထားပြီးဖြစ်သည်။