တစ်သက်လုံးစားသည့်အခါ သံပုရာတစ်ခြမ်းနှင့်ချေသည်
၁။ တစ်သက်ပတ်လုံး စားသောက်လာခဲ့သည့် အစားအစာများကြောင့် အစာမကျေရောဂါ နာတာရှည် စွဲကပ်လာခဲ့သည်ကို ဆေးဆရာက သံပုရာတစ်ခြမ်းနှင့် ချေဖျက်ပေးသဖြင့် ရောဂါမကျေပျောက်နိုင်ဟု ဆိုလိုသည်။ တစ်စုံတစ်ခုကိုချေဖျက်ရန် နိုင်နင်းမျှတသော အင်အားအချိုးအဆရှိရမည်ဟု ဆိုလိုရာရောက်သည်။
၂။ တစ်နည်းအားဖြင့် တစ်သက်လုံး ကျွေးမွေးပေးကမ်းလာသည့် ကျေးဇူးကို သံပုရာသီးတစ်ခြမ်းပေးကမ်းရုံနှင့် ကျေးဇူးကျေလောက်ပြီဟု ယူဆလျှင်မှားမည်ဟုဆိုလို သည်။ ကျေးဇူးကို အတိုင်းအဆညီအောင် ဆပ်သင့်သည်ဟု ဆိုလိုရာရောက်သည်။
၃။ တစ်နည်းလမ်း တစ်သက်တာလုံး ကျွေးမွေးပေးကမ်းလာခဲ့ပြီးမှ သံပုရာတစ် ခြမ်းမျှကို တွန့်တိုခြင်းဖြင့် ပြုခဲ့သော ကျေးဇူးများအရာမထင်ဖြစ်အောင် မပြုလုပ်ပါနှင့်ဟု ဆိုလိုရာရောက်သည်။ ဒုတိယ၊ တတိယ ကောက်ယူချက်များသည်သာ အသုံးများ၏။
စကားပုံစုစုပေါင်း 457 ခုအားထည့်သွင်းထားပြီးဖြစ်သည်။