တစ်လင်နေလည်း ပွေးနှင့် တစ်လင်နေလည်း ကြွေးနှင့်
ဆင်းရဲ၍မှီခိုရာရအောင် လင်သားယူလိုက်သော မိန်းမတစ်ယောက်အဖို့ ပထမ လင်မှာ ပွေးများပါလာ၍ ကွာပစ်လိုက်ပြီး နောက်တစ်လင်ယူပြန်သောအခါတွင်လည်း လင်၌ ကြွေးဆပ်ရန်ပါလာသဖြင့် မည်သို့မျှ သက်သာရာမရဘဲ အကြိမ်တိုင်း၌ တစ်ခု မဟုတ်တစ်ခု ဒုက္ခတွေ့ရသည်ဟုဆိုလိုသည်။ တစ်ကြိမ်ထက်တစ်ကြိမ် သက်သာမှု မရဘဲ အဆိုးအပျက် ဒုက္ခတို့နှင့် အကြိမ်ဖန်ဖန်တွေ့ဆုံရသည့်အခါတွင် သုံးနှုန်းသည်။
စကားပုံစုစုပေါင်း 457 ခုအားထည့်သွင်းထားပြီးဖြစ်သည်။