တစ်ရွာ တစ်ကျီဆောက်သည်
မြန်မာမင်းများလက်ထက်က စစ်ချီရာလမ်းကြောင်းတွင် စားနပ်ရိက္ခာလုံလောက် စေရန် စခန်းထောက်ရွာကြီးများ၌ ကျီများဆောက်၍ စပါးရိက္ခာဖြည့်တင်းစုဆောင်းစေ သည်ကို ဆိုလိုသည်။ ခရီးလှည့်ပတ်သွားလာသူများသည် တစ်ရွာလျှင် ရိက္ခာတစ်ကျီ ဆောက်ဘိသကဲ့သို့ ခင်မင်မှီခိုနိုင်သော စားအိမ်သောက်အိမ် မိတ်ဆွေကောင်းရှိထား အောင် ကြိုးစားကြရမည်ဟု တင်စား၍ သုံးနှုန်းသည်။
စကားပုံစုစုပေါင်း 457 ခုအားထည့်သွင်းထားပြီးဖြစ်သည်။