တစ်တက်စားလည်း ကြက်သွန် နှစ်တက်စားလည်း ကြက်သွန်
ကြက်သွန်သည် စားလျှင် ပါးစပ်နံသော အစားအစာဖြစ်၍ တစ်တက်မျှ စားရုံနှင့် နံမည်မဟုတ်ဟု မထင်သင့်ဘဲ မည်မျှလောက်ပင် စားသည်ဖြစ်စေ ကြက်သွန်သည် ကြက်သွန်၏ ပင်ကိုယ်သဘောကိုမစွန့်ဘဲ အနံ့အသက်ရစေမည်သာဖြစ်သည်ဟု ဆိုလိုသည်။ အပြစ်ဟူသည် ကြီးသည်ငယ်သည်ဟူသော ပမာဏကိုမလိုက်ဘဲ သဘော သက်ရောက်မှုကိုသာ ထည့်တွက်သောအခါ၌ သုံးသည်။ အချို့က ကြက်သွန်တစ်တက် စားပြီးသည့်နောက် မထူးပြီ။ နှစ်တက်စားလျှင်လည်း ကြက်သွန်နံ့သာနံမည်ဖြစ်၍ စားမိ ပြီးနောက် နှစ်တက်သုံးတက် မည်မျှပင်တိုး၍ စားသင်ဖြစ်စေ အရေးအကြီးတော့ဟူ၍ သဘောကောက်ယူကြသည်။ မှားပြီးအမှားကို မရပ်ဘဲ ဆက်ကာဆက်ကာမှားလေ အောင် အားပေးသောသဘောကို ရောက်လေသည်။
စကားပုံစုစုပေါင်း 457 ခုအားထည့်သွင်းထားပြီးဖြစ်သည်။