ညောင်မြစ်တူးက ပုတ်သင်ဥပေါ်မည်

ညောင်ပင်အမြစ်ကို တူးဖော်ပါက ညောင်မြစ်အောက်တွင် ဥထားသော ပုတ်သင်ဥများပေါ်ထွက်လာမည်ဟုဆိုလိုသည်။ အရင်းအမြစ်ကို လိုက်စစ်လှန်လှော  ဖော်ထုတ်မည်ဆိုက အရင်းအမြစ်သာမက တစ်ဆက်တည်းတွင် မမြင်သာအောင် ကွယ်ဝှက်နေသော အပြစ်အနာအဆာ လျှို့ဝှက်ချက်များသာ ပေါ်ထွက်လာမည်ဟု ဆိုလိုသည်။ နောက်ကြောင်းကိုပြန်၍လှန်လျှင် ငယ်ကျိုးငယ်နာ မသိစေလိုရာ အပြစ် ဟောင်းရာ ပေါ်လာမည်ဟုဆိုလိုသည်။

2 Comments

  1. Harry says:

    မှတ်သားဖူးတာကတော့ ဒီစကားပုံရဲ့ အဓိပ္ပာယ်က သူ့အပြစ်ကို သွားဖော်ရင် ကိုယ့်ငယ်ကျိုးငယ်နာ လည်း ပြန်ပေါ်လာမယ်ဆိုတဲ့ သဘောမျိုး သုံးနေကြတာ ကြားဖူးပါတယ်။ ကျမ်းကိုးတော့ မရှိပါဘူး။ မှန်မမှန် သိပ်မသေချာလှပါဘူး။

  2. ကိုရဲ says:

    ဟယ်ရီ ပြောတာမှန်ပါတယ်။သူများရဲ့အပြစ်အနာအဆာကိုဖေါ်ယင်ကိုယ့်ရဲ့အားနည်းချက်လည်း ပေါ်မယ်ဆိုတဲ့သဘောပါပဲ။

Any suggestions? Please leave it here