ဆေးစက်ကျရာ အရုပ်ထင်

ကျွမ်းကျင်သော ပန်းချီဆရာသည် အမှတ်မဲ့ ဆေးစက်ဖိတ်စင်ကျရာ၌ပင် အရုပ်ဖြစ်အောင် အလိုက်သင့် ပြုပြင်ဖန်တီးတတ်သည်ဟု ဆိုလိုသည်။ အခြေအနေ အရ ဟပ်စပ်အဆင်ပြေအောင် ကျင့်သုံးနိုင်သူ အခြေအနေအရပ်ရပ်တွင် ထူးချွန်နှံ့စပ် အောင် အကျိုးထုတ်ဖော်နိုင်သူများကို ချီးမွမ်းတင်စား၍ သုံးနှုန်းသည်။ အမှတ်မဲ့ဖိတ်ကျ သော ဆေးစက်သည်ပင်လျှင် အရုပ်ပုံသဏ္ဍာန်ဖြင့် ကျလေ့ရှိသည်ဟု လွန်ကဲချီးမွမ်း ခြင်းလည်းပြုတတ်ကြသည်။

Any suggestions? Please leave it here