ဆောက်ဖြစ်မှ ကျောင်းဒကာ

ကျောင်းဆောက်၍ လှူသူသည်ကျောင်းဒကာဖြစ်ရမည်မှန်သော်လည်း ကျောင်း ဆောက်ဖြစ်မည် မဆောက်ဖြစ်မည်မှာ မသေချာသေးသဖြင့် ကျောင်းဒကာ ဖြစ်ရင်းမှာ မသေချာသေး။ ကျောင်းဆောက်ဖြစ်ပါမှ ကျောင်းဒကာဖြစ်မည်ဟုဆိုလိုသည်။ အကျိုး ကျေးဇူးရရေးမှာ ကြားလုပ်ငန်းတစ်ဆင့် အောင်မြင်ပါဦးမှ အလား အလာရှိမည့် အခြေအနေမျိုး၊ မသေချာသေးသည့် အခြေအနေမျိုးတွင်သုံးနှုန်းသည်။

Any suggestions? Please leave it here