ဆွမ်းခံရင်း ငှက်သင့်သည်
မောင်ရှင်သည် ဆွမ်းခံသွားရင်းနှင့်ပင် စိမ့်စမ်း မှက်ခြင်ပေါသော ရပ်ကွက်သို့ ပေါက်ရောက်မိရာမှ ငှက်ဖျားရောဂါသင့်ရောက်ရသည်ဟုဆိုလိုသည်။ အပြစ်ကင်းမဲ့ သော အလုပ်တစ်ခုကို လုပ်ရင်းပင် မမျှော်လင့်ပဲ အဖြစ်ဆိုး၊ အရှုံးအပြစ်ထင်လာရသည့် အခါမျိုးတွင် တမင်အသိဖြင့် ရည်ရွယ်ပြုလုပ်ခြင်းမဟုတ်ဘဲ အပြစ်သင့်ရောက်ရခြင်းကို ထင်ရှားစေရန် သုံးနှုန်းသည်။ ရည်ရွယ်ရင်းတစ်ခြား၊ အကျိုးသက်ရောက်မှုကတစ်ခြား ဟုဆိုလိုသည်။ အကြောင်းမဲ့ အပြစ်သင့်ရောက်ရသည့်အခါတွင်လည်း သုံးသည်။
စကားပုံစုစုပေါင်း 457 ခုအားထည့်သွင်းထားပြီးဖြစ်သည်။
နီးစပ်သောစကားပုံများ
ထန်းသီးကျွေခိုက် ကျီးနင်းခိုက်