ဆန်ခိုးမမိ ဖွဲခိုးမိ
သူတစ်ပါးက ဆန်ခိုးသည်ကို မြင်သဖြင့် ရလိုရငြားနှင့် နောက်မှဝင်ခိုးသူသည် ဆန်မတွေ့တော့၍ ဖွဲကိုခိုးရလေရာ ဆန်ခိုးသွားသူကို ပိုင်ရှင်မမိပဲ ဖွဲခိုးသူမှာသာ အမိ ခံရသည်ဟုဆိုလိုသည်။ အကြီးအကျယ်ပြစ်မှုကျူးလွန်သူမှာ လည်ပတ်သဖြင့် အပြစ် မသင့်ပဲ အနည်းငယ် အပြစ်ပြုမိသူမှာ အလည်မ၀ယ်နှင့် အပြစ်ဒဏ်သင့်ရောက်ရသည့် အခါမျိုးတွင်လည်းကောင်း၊ သူတစ်ပါးနှင့်အတူ ပြုမူရာတွင် သူတစ်ပါးမှာအပြစ်လွတ်၍ တစ်ဦးတစ်ယောက်မှာသာ အပြစ်သင့်သည့်အခါမျိုးတွင်လည်းကောင်း သုံးနှုန်းသည်။
စကားပုံစုစုပေါင်း 457 ခုအားထည့်သွင်းထားပြီးဖြစ်သည်။