ဆင်ဖြူတော်မှီ၍ ကြံစုပ်သည်

ဆင်ဖြူတော်ကို ကြည့်ရှုလာသူများက ကြံများကျွေးသဖြင့် ကြံများစုပြုံပေါများ လျက်ရှိရာ ဆင်ကိုအမှီပြု၍ အမှုထမ်းရသူတို့က ဆင်၏အစွမ်းဖြင့်ရသော ကြံများကို ယူ၍စုပ်ကြသည်ဟု ဆိုလိုသည်။ သူတစ်ပါး၏ ဘုန်း၊ ဂုဏ်၊ အရှိန်အ၀ါကိုမှီ၍ အပင် ပန်းအကြောင့်ကြမခံဘဲ အသက်မွေးခြင်း သူတစ်ပါး၏အစွမ်းဖြင့်ရသော လာဘ်လာဘ ကို ကိုယ်တိုင်အားမထုတ်ဘဲ မှီတွယ်စားသုံးနေခြင်းစသည်တို့ကို  ရှုတ်ချ၍သုံးသည်။

Any suggestions? Please leave it here